နံ့သာဆောင်နှင့်သီရိဆောင်တွင်နေထိုင်ခွင့်ပြုသည့်အတန်းများ

နံ့သာဆောင်နှင့် သီရိဆောင်တွင် အတန်းများကို ဖေါ်ပြပါအတိုင်းနေထိုင်ခွင့်ပြုပါသည်။    

ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာတင်သွင်းနိုင်ခြင်း

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲအောင်)အတွက် ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပါသည်။      

ကြေညာချက်

ရတနာပုံတက္ကသိုလ်၊ အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင်များအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် သင်တန်းအသီးသီး၏ ကျောင်းသား၊ ကျောင်းသူများသည် အဆောင်လျှောက်လွှာများကို ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသော ရက်အတွင်းလျှောက်ထားနိုင်ပါသည်။  

(၁၉)ကြိမ်မြောက် ညောင်ရေသွန်းပူဇော်ပွဲ

ရတနာပုံတက္ကသိုလ်၊ ဆုတောင်းပြည့်မြတ်စွာဘုရား (၁၉)ကြိမ်မြောက် ညောင်ရေသွန်းပူဇော်ပွဲကို ၁၃၈၆ခု နှစ်၊ ကဆုန်လပြည့်နေ့၊ (၂၂-၅-၂၀၂၄) ရက်နေ့တွင် တက္ကသိုလ် ဓမ္မာရုံတွင် ဝတ်ရွက်ပူဇော်နှင့် ညောင်ရေသွန်းခြင်းကို ပူဇော်ခဲ့ပါသည်။

စားသောက်ဆိုင်ခန်းများဌားရမ်းဖွင့်လှစ်ခြင်းအတွက် တင်ဒါခေါ်ယူခြင်း

ရတနာပုံတက္ကသိုလ် စားသောက်ဆိုင်ခန်းများဌာရမ်းဖွင့်လှစ်ခြင်းအတွက် တင်ဒါခေါ်ယူခြင်း ရတနာပုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စားသောက်ဆိုင်ခန်း(၁၈)ခန်းအား ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းဌားရမ်းခြင်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိန်ခေါ်အပ်ပါသည်။

တင်ဒါကြေညာချက်

ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စားသောက်မှုအဆင်ပြေချောမွေ့စေရေး စေတနာထား၍ ဆောင်ရွက်ပေးနိုင်သော တက္ကသိုလ်၏ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်သော နိုင်ငံသားလုပ်ငန်းရှင်များ လျှောက်ထားနိုင်ကြောင်း ကြေညာအပ်ပါသည်။

(၂၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကျင်းပမည့်အစီအစဉ်

၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်အစီအစဉ်။  

ရတနာပုံတက္ကသိုလ်မိသားစုမျာက ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်:

ရတနာပုံတက္ကသိုလ်မိသားစုမျာက ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်း ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာအား အမှူးထား၍  ဒုတိယပါမောက္ခချုပ်များ၊ ရတနာပုံတက္ကသိုလ်ပညာရေးမိသားစုများက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ အမှတ်(၆) ဆံတော်ရှင်းဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းတွင် ပညာသင်ကြားနေကြသော သာမဏေ၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံပညာအရည်အချင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၉နာရီက အဆိုပါ ဆံတော်ရှင်း(တံခွန်တိုင်) ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။             

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။            

ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

ရတနာပုံတက္ကသိုလ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၃ ရက်၊ နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။          

ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ

ရတနာပုံတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ပါမောက္ခချုပ်အမှူးပြုသော စီမံဝန်ထမ်းများ၏ ဝါတွင်းဥပုသ်သီလခံယူဆောက်တည်ပွဲမင်္ဂလာကို ဩဂုတ် ၁ ရက် နံနက် ၁၀နာရီက ရတနာပုံတက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။       

အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲဖိတ်ခေါ်ခြင်း

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက်ဖိတ်ခေါ်ခြင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ -Solution to Plastic Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင် စေရန်ရည်ရွယ်၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်ပူးပေါင်အဖြေရှာပေး” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွန်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ြပပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ အလွတ်တန်း ဆောင်းပါ/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာ […]

(၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား

ရတနာပုံတက္ကသိုလ် (၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို (၂၂-၂-၂၀၂၃)ရက်နေ့တွင် ကျင်းပပါသည်။ ရတနာပုံတက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ပြခန်းများကို ပြသခဲ့ကြပါသည်။            

ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းပွဲ

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းပွဲကို ၂၀-၂-၂၀၂၃ ရက်နေ့တွင် ပင်မဆောင်ရှေ့၌ ကျင်းပပါသည်။                     

သုတေသနစာတမ်းဖတ်ပွဲ

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ နှင့် အမရပူရခန်းမတို့တွင် (၁၅-၂-၂၀၂၃) ရက်နေ့၌ ကျင်းပပြုလုပ်ပါသည်။           

သွေးလှူဒါန်းပွဲ

ရတနာပုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းမှကြီးမှူး၍ (၂၃)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ရတနာပုံတက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ (၁၅-၂-၂၀၂၃) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည်။           

တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရတနာပုံတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်းက ကြီးမှူးကျင်းပသော “တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” ကို ၇-၂-၂၀၂၃ ရက်နေ့တွင် ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပါသည်။                

ထမနဲထိုးပြိုင်ပွဲ

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ၃-၂-၂၀၂၃ ရက်နေ့၊ သောကြာနေ့၌ ကျင်းပြုလုပ်ပါသည်။        

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘော်လီဘောပြိုင်ပွဲ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရတနာပုံတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို မိုးလုံလေလုံအားကစားခန်းမ၌ ၂၆-၁-၂၀၂၃ မှ ၁-၂-၂၀၂၃ ရက်နေ့ထိ ကျင်းပြုလုပ်ပါသည်။

လူငယ့်ရေးရာကော်မတီ စုံညီပွဲတော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြုလုပ်သော လူငယ့်ရေးရာကော်မတီ စုံညီပွဲတော်ကို ၂၈-၁-၂၀၂၃ ရက်နေ့တွင် မန္တလာသီရီအားကစားကွင် ကျင်းပပါသည်။ စုံညီပွဲတော်တွင် ရတနာပုံတက္ကသိုလ်ပြခန်းကို ပြသခဲ့ပါသည်။  

ကာယဗလ‌မောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ

ရတနာပုံတက္ကသိုလ် ကာယဗလနှင့်ကာယအလှဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကာယဗလ‌မောင်နှင့်ကာယအလှမယ်ပြိုင်ပွဲကို ၁၉-၁-၂၀၂၃ ရက်နေ့ နံနက် ၉နာရီက ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ကာယဗလမောင်ပြိုင်ပွဲ၊ ကာယအလှမယ်(အငယ်တန်း)နှင့် ကာယအလှမယ်(အကြီးတန်း) ပြိုင်ပွဲများတွင် ဘာသာရပ်အသီးသီး ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။        

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချ

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ဖွင့်လှစ်ပို့ချရာ သင်တန်းသားသင်တန်းသူ ၄၄၁ ဦး တက်ရောက်သင်ကြားပါသည်။    

နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ

၂၀၂၂–၂၀၂၃ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် နံ့သာဆောင်၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံ့သာဆောင် ကျောင်းသူများ၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက် ညနေ ၅နာရီခွဲက ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် နှစ်သစ်ကူးကြိုဆိုဝမ်းမြောက်စကား ပြောကြားပြီး၊ နံ့သာဆောင် အဆောင်မှူး ဒေါက်တာမေမြင့်သွယ် (ပါမောက္ခ၊ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာနက နှစ်ကူးအမှတ်တရတင်စကား ပြောကြားသည်။ ထို့နောက် နံ့သာဆောင် ကျောင်းသူများကိုယ်စား မကြာညိုသင်း(ပဉ္စမနှစ်-ဥပဒေပညာ)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည့် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ-၁)၊ ဒေါက်တာဦးခင်မြို့(စီမံ–၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း–၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း–၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ညစာသုံးဆောင်နေစဉ် ရွှေနံ့သာအငြိမ့်တင်ဆက်မှု၊ အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။             

ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဆုပေးပွဲအခမ်းအနား

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဆုပေးပွဲအခမ်းအနားကို ၃၀-၁၂-၂၀၂၃ နေ့တွင် ရတနာပုံတက္ကသိုလ် ဘောလုံးအားကစားကွင်တွင် ကျင်းပပါသည်။                 

ဘာသာရပ်ပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကို ၂၉-၁၂-၂၀၂၂ ရက်နေ့မှ ၃၀-၁၂-၂၀၂၃ ထိ ရတနာပုံတက္ကသိုလ် ဘောလုံးအားကစားကွင်တွင် ကျင်းပပါသည်။               

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(နေ့သင်တန်း)တွင် တက်ရောက်ပညာသင်ကြားကြမည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ရက် နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ–၁)၊ ဒေါက်တာဦးခင်မြို့(စီမံ-၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း-၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း-၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ(ဌာနမှူး)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် အားကစားမှူးတို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများကို တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ကြိုဆိုအဖွင့်အမှာစကား […]

နည်းပညာဟောပြောပွဲ

နည်းပညာဟောပြောပွဲ

Mandalay Architecture Foundation River Cruise

Business it will frequently occur that pleasures have to be repudiated and annoyances accepted.

Good Morning Asia

But in certain circumstances and owing to the claims of duty or the obligations of business it will frequently occur that pleasures.

Student Exchange Program Information Sessions

Business it will frequently occur that pleasures have to be repudiated and annoyances accepted. The wise man therefore always holds.

Vegie Garden Wednesday Workshops

But in certain circumstances and owing to the claims of duty or the obligations of business it will frequently occur that pleasures.

The Ecosystem Within Us

Nor again is there anyone who loves or pursues or desires to obtain pain of itself, because it is pain, but because occasionally circumstances occur in which toil and pain can procure.

Science In The New Era

On the other hand, we denounce with righteous indignation and dislike men who are so beguiled and demoralized by the charms of pleasure of the moment, so blinded by desire.

How To Sell Anything

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum deleniti atque corrupti quos dolores et quas molestias.