နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် နံ့သာဆောင်၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံ့သာဆောင် ကျောင်းသူများ၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက် ညနေ ၅နာရီခွဲက ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် နှစ်သစ်ကူးကြိုဆိုဝမ်းမြောက်စကား ပြောကြားပြီး၊ နံ့သာဆောင် အဆောင်မှူး ဒေါက်တာမေမြင့်သွယ် (ပါမောက္ခ၊ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာနက နှစ်ကူးအမှတ်တရတင်စကား ပြောကြားသည်။ ထို့နောက် နံ့သာဆောင် ကျောင်းသူများကိုယ်စား မကြာညိုသင်း(ပဉ္စမနှစ်-ဥပဒေပညာ)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည့် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ-၁)၊ ဒေါက်တာဦးခင်မြို့(စီမံ-၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း-၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း-၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ညစာသုံးဆောင်နေစဉ် ရွှေနံ့သာအငြိမ့်တင်ဆက်မှု၊ အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။             

Start

End

၂၀၂၂၂၀၂၃ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် နံ့သာဆောင်၏

နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ

ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံ့သာဆောင် ကျောင်းသူများ၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက် ညနေ ၅နာရီခွဲက ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် နှစ်သစ်ကူးကြိုဆိုဝမ်းမြောက်စကား ပြောကြားပြီး၊ နံ့သာဆောင် အဆောင်မှူး ဒေါက်တာမေမြင့်သွယ် (ပါမောက္ခ၊ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာနက နှစ်ကူးအမှတ်တရတင်စကား ပြောကြားသည်။ ထို့နောက် နံ့သာဆောင် ကျောင်းသူများကိုယ်စား မကြာညိုသင်း(ပဉ္စမနှစ်-ဥပဒေပညာ)က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည့် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ-၁)၊ ဒေါက်တာဦးခင်မြို့(စီမံ၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း၁) ဒေါက်တာခင်မော်မော်စိုး(သင်တန်း၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ညစာသုံးဆောင်နေစဉ် ရွှေနံ့သာအငြိမ့်တင်ဆက်မှု၊ အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။

   

    

   

Leave a Reply

Your email address will not be published. Required fields are marked *

TOP