၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(နေ့သင်တန်း)တွင် တက်ရောက်ပညာသင်ကြားကြမည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ရက် နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ--၁)၊ ဒေါက်တာဦးခင်မြို့(စီမံ-၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း-၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း-၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ(ဌာနမှူး)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် အားကစားမှူးတို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံရေးရာဌာနများမှ

Start

End

ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(နေ့သင်တန်း)တွင် တက်ရောက်ပညာသင်ကြားကြမည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ရက် နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ–၁)၊ ဒေါက်တာဦးခင်မြို့(စီမံ-၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း-၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း-၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ(ဌာနမှူး)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် အားကစားမှူးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများကို တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ကြိုဆိုအဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ဝိဇ္ဇာဘာသာရပ်များကိုယ်စား ပထဝီဝင်ဌာနနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ ဌာနမှ  (ပါမောက္ခ၊ဌာနမှူး) ဒေါက်တာဒေါ်ခင်ဝင်းက သင်ကြားပို့ချပေးနေသည့် ဝိဇ္ဇာဘာသာရပ်များမိတ်ဆက်နှင့် ကြိုဆိုဝမ်းမြောက် စကားကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ရက္ခဗေဒနှင့်အဏုဇီဝဗေဒဌာန (ပါမောက္ခ၊ဌာနမှူး) ဒေါက်တာခင်ပုလဲက သင်ကြားပို့ချပေးနေသည့် သိပ္ပံဘာသာရပ်များမိတ်ဆက်နှင့် ကြိုဆိုဝမ်းမြောက်စကားကိုလည်းကောင်း၊ သင်တန်းရေးရာဌာနမှူး ဒေါ်တင်စောထွေးက ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် စာမေးပွဲနှင့် ကျောင်းစည်းမျဉ်းစည်ကမ်း အကြောင်းအရာများကို အသီးသီးမိတ်ဆက်ရှင်းလင်းကြသည်။ ထို့နောက် တက်ရောက်လာသည့် မောင်မယ်သစ်လွင်များအား အကျွေးမွေးဖြင့်ဧည့်ခံခြင်း၊ စာပေအနုပညာအသင်းမှ ကျောင်းသားကျောင်းသူလေးများက အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေခဲ့သည်။

 

TOP