အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲဖိတ်ခေါ်ခြင်း

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက်ဖိတ်ခေါ်ခြင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ -Solution to Plastic Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင် စေရန်ရည်ရွယ်၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်ပူးပေါင်အဖြေရှာပေး” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွန်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ြပပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ အလွတ်တန်း ဆောင်းပါ/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို

Start

End

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက်ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ -Solution to Plastic Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင် စေရန်ရည်ရွယ်၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်ပူးပေါင်အဖြေရှာပေး” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွန်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ြပပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

အလွတ်တန်း ဆောင်းပါ/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ၊ ပြိုင်ပွဲဝင် စာစီစာကုံးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ ရေးသားရန် (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)၊ သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်ရန်၊ ကွန်ပျူတာစာလုံး (Pyidaungsu Font)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်၊ အခြားမှကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ဖန်တီး ရေးသားထားသော စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော ပုံနှိပ်ဖော်ြပထားသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီး ရေးသားထားသော ကာယကံရှင် လက်မှတ်ထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက် အကျဉ်းတို့ကို ဆောင်းပါး၊ စာစီစာကုံး နှင့်အတူပေးပိုရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင်အသုံးပြုခွင့်ပေးရန်နှင့် ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါး/စာစီစာကုံးများအား ပြန်လည် ပေးပို့မည်မဟုတ်ဘဲ ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သော စာမူများအား ပယ်ချသွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် အလွတ်တန်း ဆောင်းပါး/စာစီစာကုံးအတွက် စာမူ (Hard+Soft Copy (Word+Pdf)) တစ်စုံစီ၊ ပြိုင်ပွဲဝင် အမည်၊ မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓါတ်ပုံ ၃ ပုံ (၁.၅” x ၂” ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၄၃၁၃၂၉၊ အီးမေးလ် hr.env.ecd@gmail.com သို့ ၂၀၂၃ ခုနှစ် မေလ (၁၈) ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website (www.ecd.gov.mm) နှင့် Facebook Page (Environmental Conservation Department-ECD) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

TOP