Events

All Marketing academy

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ

Free

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။            

At

ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

Free

ရတနာပုံတက္ကသိုလ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၃ ရက်၊ နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။          

At

ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ

Free

ရတနာပုံတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ပါမောက္ခချုပ်အမှူးပြုသော စီမံဝန်ထမ်းများ၏ ဝါတွင်းဥပုသ်သီလခံယူဆောက်တည်ပွဲမင်္ဂလာကို ဩဂုတ် ၁ ရက် နံနက် ၁၀နာရီက ရတနာပုံတက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။       

At

အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲဖိတ်ခေါ်ခြင်း

Free

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက်ဖိတ်ခေါ်ခြင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ -Solution to Plastic Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင် စေရန်ရည်ရွယ်၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်ပူးပေါင်အဖြေရှာပေး” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွန်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ြပပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ အလွတ်တန်း ဆောင်းပါ/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာ […]

At

(၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား

Free

ရတနာပုံတက္ကသိုလ် (၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို (၂၂-၂-၂၀၂၃)ရက်နေ့တွင် ကျင်းပပါသည်။ ရတနာပုံတက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ပြခန်းများကို ပြသခဲ့ကြပါသည်။            

At

ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းပွဲ

Free

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းပွဲကို ၂၀-၂-၂၀၂၃ ရက်နေ့တွင် ပင်မဆောင်ရှေ့၌ ကျင်းပပါသည်။                     

At

သုတေသနစာတမ်းဖတ်ပွဲ

Free

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ နှင့် အမရပူရခန်းမတို့တွင် (၁၅-၂-၂၀၂၃) ရက်နေ့၌ ကျင်းပပြုလုပ်ပါသည်။           

At

သွေးလှူဒါန်းပွဲ

Free

ရတနာပုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းမှကြီးမှူး၍ (၂၃)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ရတနာပုံတက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ (၁၅-၂-၂၀၂၃) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည်။           

At
TOP