Events

All Marketing academy

တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ

Free

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရတနာပုံတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်းက ကြီးမှူးကျင်းပသော “တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” ကို ၇-၂-၂၀၂၃ ရက်နေ့တွင် ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပါသည်။                

At

ထမနဲထိုးပြိုင်ပွဲ

Free

ရတနာပုံတက္ကသိုလ်၊ (၂၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ၃-၂-၂၀၂၃ ရက်နေ့၊ သောကြာနေ့၌ ကျင်းပြုလုပ်ပါသည်။        

At

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘော်လီဘောပြိုင်ပွဲ

Free

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရတနာပုံတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို မိုးလုံလေလုံအားကစားခန်းမ၌ ၂၆-၁-၂၀၂၃ မှ ၁-၂-၂၀၂၃ ရက်နေ့ထိ ကျင်းပြုလုပ်ပါသည်။

At

လူငယ့်ရေးရာကော်မတီ စုံညီပွဲတော်

Free

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြုလုပ်သော လူငယ့်ရေးရာကော်မတီ စုံညီပွဲတော်ကို ၂၈-၁-၂၀၂၃ ရက်နေ့တွင် မန္တလာသီရီအားကစားကွင် ကျင်းပပါသည်။ စုံညီပွဲတော်တွင် ရတနာပုံတက္ကသိုလ်ပြခန်းကို ပြသခဲ့ပါသည်။  

At

ကာယဗလ‌မောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ

Free

ရတနာပုံတက္ကသိုလ် ကာယဗလနှင့်ကာယအလှဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကာယဗလ‌မောင်နှင့်ကာယအလှမယ်ပြိုင်ပွဲကို ၁၉-၁-၂၀၂၃ ရက်နေ့ နံနက် ၉နာရီက ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ကာယဗလမောင်ပြိုင်ပွဲ၊ ကာယအလှမယ်(အငယ်တန်း)နှင့် ကာယအလှမယ်(အကြီးတန်း) ပြိုင်ပွဲများတွင် ဘာသာရပ်အသီးသီး ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။        

At

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချ

Free

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ဖွင့်လှစ်ပို့ချရာ သင်တန်းသားသင်တန်းသူ ၄၄၁ ဦး တက်ရောက်သင်ကြားပါသည်။    

At

နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ

Free

၂၀၂၂–၂၀၂၃ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် နံ့သာဆောင်၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့်ဂီတပဒေသာဖျော်ဖြေပွဲ ကျင်းပ ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံ့သာဆောင် ကျောင်းသူများ၏ နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက် ညနေ ၅နာရီခွဲက ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် နှစ်သစ်ကူးကြိုဆိုဝမ်းမြောက်စကား ပြောကြားပြီး၊ နံ့သာဆောင် အဆောင်မှူး ဒေါက်တာမေမြင့်သွယ် (ပါမောက္ခ၊ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာနက နှစ်ကူးအမှတ်တရတင်စကား ပြောကြားသည်။ ထို့နောက် နံ့သာဆောင် ကျောင်းသူများကိုယ်စား မကြာညိုသင်း(ပဉ္စမနှစ်-ဥပဒေပညာ)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မိတ်ဆုံညစာစားပွဲနှင့် ဂီတပဒေသာဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည့် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို(စီမံ-၁)၊ ဒေါက်တာဦးခင်မြို့(စီမံ–၂)၊ ဒေါက်တာမြင့်မြင့်ဦး(သင်တန်း–၁)၊ ဒေါက်တာခင်မော်မော်စိုး(သင်တန်း–၂)၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ညစာသုံးဆောင်နေစဉ် ရွှေနံ့သာအငြိမ့်တင်ဆက်မှု၊ အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။             

At

ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဆုပေးပွဲအခမ်းအနား

Free

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဆုပေးပွဲအခမ်းအနားကို ၃၀-၁၂-၂၀၂၃ နေ့တွင် ရတနာပုံတက္ကသိုလ် ဘောလုံးအားကစားကွင်တွင် ကျင်းပပါသည်။                 

At
TOP